မိုင်းရှူးမြို့ရှိ ကျောက်မျက်လုပ်ကွက်များတွင် ကျောက်ရှာပါးလာမှုတို့ကြောင့် ဈေးကွက်ပျက်နေ

မိုင်းရှူး ၃၁ ဇန်နဝါရီ


ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ရှိ ဝမ်ကမ်နယ်မြေ ဂဲတောင်ရှိ ကျောက်မျက်လုပ်ကွက်များတွင် ကျောက်ရှားပါးလာမှုတို့ကြောင့် ကျောက်ဈေးကွက် ပျက်နေကြောင်း အရောင်းအဝယ်များထံမှ သိရသည်။

 

123


ကျောက်မျက်ဈေးကွက် ပျက်နေရခြင်းမှာ ကျောက်မျက်ရတနာ ရှားပါးလာမှု နှင့် ကုန်သည်ကြီးများမှ ဝယ်ယူသူ နည်းပါးလာမှုတို့ကြောင့်အပြင် ဒေသခံများ ပိုင်ခွင့်ရှားပါးလာမှုတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

 

123


"အရင်တုန်းကဆို ကျောက်ကလဲ ပေါတယ် ဈေးကလဲ ကောင်းတယ်။ အခုကတော့ လုပ်ကွက်တွေကလဲ ပိတ်ထားတဲ့အပြင် ကျောက်ကလဲ ရှားလာတော့ ဈေးကွက်ကပျက်သွားတာပေါ့ ။ ပြောမယ်ဆို ခေတ်ပျက်သွားပြီ မိုင်းရှူးက" ဟု ကျောက်ကုန်သည် တစ်ဦးဖြစ်သူ မအေးချမ်းမေက ပြောသည်။

 

123


မိုင်းရှူးဒေသတွင်းတွင် ယခင်ချထားပေးခဲ့သည့် လုပ်ကွက်များအစုမှာ သက်တမ်းကုန်ဆုံးပြီ ဖြစ်နေသလို ဒေသခံပြည်သူများ လုပ်ကိုင်နိုင်မည့် လက်လုပ်လက်စားတွင်းများ ချထားစေလိုကြောင်း ဒေသခံများက ဆိုသည်။


ယခင်က မိုင်းရှူး ကျောက်တွင်း လုပ်ကွက်များကို ၁၉၉၅ ကျောက်မျက်ဥပဒေအရ ချထားပေးခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ဥပဒေသစ်ကို ပြောင်းလဲပြီးနောက် လုပ်ကွက်သစ်များကို ရပ်ဆိုင်းထားခဲ့သည်။


"ဈေးကွက်ကောင်းဖို့ဆိုရင် ကျောက်ထွက်နှုန်းတိုးလာဖို့ လုပ်ကွက်တွေ ချထားပေးဖို့လိုတာပေါ့ အဲ့တာမှလဲ ကျောက်ထွက်နှုန်းတိုးပြီး ကျောက်ဈေးကွက်က ပြန်လည် ဦးမော့လာနိုင်မှာအခုကတော့ ခေတ်ပျက်နေတဲ့ မိုင်းရှူးဖြစ်နေပြီ" ဟု မိုင်းရှူး ဒေသခံ ကိုထွန်းနိုင်ကပြောသည်။


မိုင်းရှူးဒေသတွင် ကျောက်အရောင်းအဝယ်နှင့် ဈေးကွက်ပြန်လည် ကောင်းမွန်လာရေးအတွက် အရည်အသွေး ကောင်းမွန်သည့် ကျောက်ကောင်းများရရှိရန် လိုအပ်နေပြီး ကျောက်ကောင်းများ ရရှိရန် ဒေသခံများအား တစ်နိုင်တစ်ပိုင် လုပ်ကွက်များချထားပေးမှုတွင် မူတည်နေကြောင်း ဒေသခံများက ဆိုသည်။


မိုင်းရှူးမြို့တွင် တိုင်းရင်းသားပေါင်းစုံ နေထိုင်ပြီး ပတ္တမြားတစ်မျိုးတည်းသာ ထွက်ရှိသော ဒေသ ဖြစ်သည်။


သူရိန်လင်း