မိုင်းဖြတ်၌  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား(ထပ်တိုး) အိမ်ထောင်စု ၁၅၆ စုအား ထောက်ပံ့ငွေပေးအပ်

မိုင်းဖြတ်၊ ၂၃  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြိုနယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား(ထပ်တိုး) အိမ်ထောင်စု ၁၅၆ စုအတွက် ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခြင်းကို ဇန်နဝါရီ ၂၂ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က နိုင်ငံတော်မှ ယခုထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေသည် တစ်ကြိမ်မှမရှိသေးသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးတို့က ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါထောက်ပံ့ငွေများကို အိမ်ထောင်စု ၁၅၆ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

 

သန်းထွန်းအေး(ပြန်/ဆက်)