မိုင်းဖြတ်မြို့နယ်အတွင်းရှိ    ကျေးရွာများသို့ မျိုးစေ့နှင့် ဓာတ်မြေသြဇာများ(အခမဲ့)ဖြန့်ဝေပေး

မိုင်းဖြတ် ၂၃  မေ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း မိသားစုဝင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့် အိမ်ယာစိုက်ခင်းများတွင် ဟင်းသီးဟင်းရွက်များ  စိုက်ပျိုးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက   ဝမ်လုံးကျေးရွာအုပ်စု ရှိ နားမွန်း၊ နားလီး၊ ယန်းခမ်းကျေးရွာများသို့ မျိုးစေ့များနှင့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို အိမ်တိုင်ရာရောက် (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဖြန့်ဝေပေးရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့် ဝန်ထမ်းများက  ဝမ်လုံးကျေးရွာအုပ်စုမှ နားလီး၊ နားမွန်း၊ ယန်းခမ်း ကျေးရွာများရှိ  အိမ်ခြေ ၂၆၆ အိမ်အား  မျိုးစေ့ ၂ မျိုးနှင့် ပျိုးပင် ၂ ပင်၊ သဘာဝပိုးသတ်ဆေး ၊ အသင့်သုံး EM အပင်အားဆေး၊ ကွန်ပေါင်းဓာတ်မြေသြဇာများကို အိမ်တိုင်ရာရောက် (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။

 

မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင် မိဘပြည်သူများမိမိအိမ်မှာ နေထိုင်၍ အိမ်ယာစိုက်ခင်းများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့်  လူစုလူဝေးရှိတဲ့စေျးများကို သွားလာခြင်းမှရှောင်ရှားကာ ရောရာကူးစက်ခံရမှုများ  လျှော့ချနိုင်ခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ဖြန့်ဝေပေးတာဖြစ်ပြီး အပတ်စဉ်ကျေးရွာများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

 သန်းထွန်းအေး(ပြန်/ဆက်)