မိုင်းကိုင်နှင့် လွိုင်လင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၁၁ ဒသမ ၅ ဧကခန့် ဖျက်ဆီး

နေပြည်တော်  ၁၀   နိုဝင်ဘာ

 

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်၊ မိုင်းကိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းက မိုင်းကိုင်မြို့နယ်၊ မိုက်ယုံကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၈ လက်မခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃ ဧကအားလည်းကောင်း၊ လွိုင်လင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပန်ဟူးကျေးရွာ၏မြောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁ ဒသမ ၅ ဧကခန့်အားလည်းကောင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

အလားတူမိုင်းပွန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာ၏ အရှေ့မြောက်ဘက်၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂ ဧကခန့်အား လည်းကောင်း၊ ပင်လုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဖက်တောကျေးရွာ၏တောင်ဘက်၌ အမြင့် ၁ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅ ဧကခန့်အားလည်းကောင်း ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN