မြိုင်ဇေယျာကျေးရွာ၌ ငရုတ်စိုက်တောင်သူများ၏ ငရုတ်ခင်းများ အောင်မြင်ဖြစ်ထွန်း

ဝန်းသို ၇  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် မြိုင်ဇေယျာကျေးရွာ၌ ဒေါင်းမြူးချောင်းရေကို ရေ တင်စနစ်ဖြင့်စိုက်ပျိုးရာ ငရုတ်စိုက်တောင်သူများ၏ ငရုတ်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း  သိရသည်။

 

02

 

"ငရုတ်တစ်ဧကစိုက်လျှင် လုပ်အားခအပါအဝင် ၄ သိန်းနီးပါးကုန်ကျပါကြောင်း၊ ယခင်နှစ်က ငရုပ်သီး တစ်ပြည်ကို ၃၅ဝဝ ကျပ် အထိဈေးရရှိသည့်အတွက် တစ်ဧကကို သိန်း(၅၀)အထိ ကျန်ရှိပါ ကြောင်း၊  ယခုနှစ် ငရုတ်သီးဈေး တစ်ပြည်လျှင် ၇ဝဝ မှ  ၈ဝဝ အထိ ရောင်းရသည့်အတွက် ယခင်နှစ်လောက် မကျန်သော်လည်း တစ်ဧကကို ၁၇ သိန်း နှင့် သိန်း ၂၀ ကြား ကျန်ရှိမည်ဖြစ်ပါကြောင်း ငရုတ် စိုက်တောင်သူ ဦးငွေမောင်က ပြောသည်။

 

 ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာက တောင်သူများသည် ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာ ဖူလုံစေရေး ရည်ရွယ်လျှက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်၊ ဖော်ဆောင်ရွက်နေသော မြစိမ်းရောင်‌ကျေးရွာစီမံကိန်းက လိုအပ်တဲ့ ရင်းနှီးမြုပ်နှံငွေကို ရယူပြီးဆောင် ရွက်နေကြကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

 

မွှေးကြူဇင်

 

03