မိုင်းဆတ်မြို့၌ ဒို့ညီနောင်ခရီးသည်ယာဉ် အရှိန်မထိန်းနိုင်သဖြင့် တောင်ကမ်းပါးဝင်တိုက် သုံးဦးဒဏ်ရာရ

မိုင်းဆတ်  ၁၄   ဖေဖော်ဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဒို့ညီနောင်ခရီးသည် ပို့ဆောင်ရေးယာဉ် တစ်စီးသည် တာချီလိတ်-မိုင်းဆတ်ကားလမ်း လွယ်ဆမ်ဆုံတောင်အဆင်းတွင် အရှိန်မထိန်းနိုင်သဖြင့် တောင်ကမ်းပါးအား ဝင်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းအပါအဝင်(၃)ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့မှ မိုင်းဆတ်မြို့သို့မောင်းနှင်လာသည့် ဒို့ညီနောင်ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ ယာဉ်မောင်းထွန်းဝင်းဦး မောင်းနှင်လာသော မော်တော်ယာဉ်သည်  ဖေဖော်ဝါရီ ၁၃ ရက် ည ၉ နာရီခွဲခန့်က မိုင်တိုင်အမှတ်(၁၃/၆ နှင့် ၁၃/၇)ကြား လွယ်ဆမ်ဆုံတောင်အဆင်းတွင် အရှိန်မထိန်းနိုင်သဖြင့် ကားဦးခေါင်းပိုင်းနှင့် လမ်း၏ယာဘက် တောင်ကမ်းပါးအား ဝင်ရောက်တိုက်မိခဲ့သည်။

 

2

 

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ထွန်းဝင်းဦးနှင့်  ယာဉ်ပေါ်လိုက်ပါလာသူ ဒေါ်လွင်ကေခိုင်မြင့်နှင့် အောင်သူ တို့နှစ်ဦးမှာ ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်ဦးခေါင်းပိုင်း ပျက်စီးသွားခဲ့သည်။

ဖြစ်စဉ်မှ မော်တော်ယာဉ်အား မဆင်မခြင်မောင်နှင်သူ ထွန်းဝင်းဦးကို မိုင်းဆတ် မြို့မရဲစန်းတွင် (ပ) အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သန်းဇော်(မိုင်းဆတ်)