မိုးနဲမြို့၌ လေးကြိမ်‌မြောက်နှစ် (၃၀) နှစ်ရှည်မြို့မြေငှားဂရမ် ပေးအပ်ပွဲကျင်းပ

မိုးနဲ ၁၅ ဇူလိုင်       


  
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြို့မြေ တိုင်းတာရေးစီမံချက်အရ ပေါ့မိုင်းရပ်ကွက် အကွက်အမှတ်(၁၃)တွင် မြေယာပိုင်ဆိုင်မှုစာရင်း ကောက်ယူခဲ့ပြီး နှစ်ရှည်မြို့ မြေငှားဂရမ် (၄)ကြိမ်မြောက်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်တို့က အဖွင့်အမှာစကား ပြောကြားကြပြီး နှစ်(၃၀) နှစ်ရှည်မြေငှား ဂရမ်ကတ် (၁၉)ကတ်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြေယာပိုင်ဆိုင်သူ အိမ်ထောင်ဦးစီးများ၏ လက်ဝယ်အရောက် တစ်ဦးချင်းစီ ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ နှစ် (၃၀) နှစ်ရှည် မြေငှားဂရမ်များကို မြေငှားဂရမ်လျှောက်ထားသူများ၏ မြေပြင်တည်ရှိမှု အခြေအနေ၊ မြေရာဇဝင်မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးပြီး ပြည်စုံကိုက်ညီမှုရှိသောမြေယာ များကို (၄)ကြိမ်မြောက်အဖြစ် မြေငှားဂရမ်များထုတ်ပေးခြင်းဖြစ်ကြောင်းနှင့် ယနေ့အထိ စီမံချက်ဖြင့်‌‌  ဆောက်ရွက်ပေးခဲ့‌သော မြေငှားဂရမ်စုစုပေါင်း ၈၄ ကတ်ကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း မြို့နယ်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မျိုးညွန့်ရွှေ (ပြန်/ဆက်)