မိုးနဲမြို့  ဆဲဖယ်ရွာသစ်ရှိ ကာကွယ်ဆေးလုံး ဝမထိုးနှံရသေးသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ

မိုးနဲ  စက်တင်ဘာ   ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မိုက်ဟိုင်းကျေးရွာအုပ်စု ဆဲဖယ်ရွာသစ်ကျေးရွာ စုရပ်နေရာ၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တိုင်းရင်းသားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု အဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအသင်း အဖွဲ့များက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျေးရွာရှိပြည်သူ ၁၇၀ ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီတွင် မြို့နယ်ကမ္ဘောဇခန်းမစုရပ်၌လည်း ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသူများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)