မိုးမောက်မြို့နယ်၌ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မိုးမောက် ၂၈ စက်တင်ဘာ

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာ မြို့နယ်အဝင်မံပုံကျေးရွာ၌ စက်တင်ဘာလ(၂၆) ရက်နေ့မှစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးခြင်း ဖြတ်သန်းသွားလာ အမည်စာရင်းမှတ်ခြင်း ဂိတ်အသစ်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မြို့နယ်အတွင်း အဓိကဝင်ရောက်နိုင်သည့် မြို့ပြင်နေရာဖြစ်သည့် ဗန်းမော်−မြစ်ကြီးနား သွားကားလမ်း မံပုံလမ်းဆုံ  နေရာတွင်နေ့စဉ်ဝင်ရောက်လာသူများကို ကိုယ်အပူချိန်တိုင်းတာ၍ ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြစေရန် အသိပညာပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မလိုအပ်ဘဲအိမ်ပြင်မထွက်ကြရန် တို့ကိုမှာကြားခြင်း၊ မိုးမောက်မြို့နယ် ပြင်ပမှဝင်ရောက်လာသည့်ပြည်သူများအား စနစ်တကျ မှတ်တမ်း ကောက်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

လွန်းနန်းထွေးပြန်/ဆက်

 

mdn