မိုးကုတ်မြို့နယ်၌ တွင်းလုပ်သားနှစ်ဦး တွင်းဟောင်းအတွင်း ပြုတ်ကျမှုဖြစ်ပွား

မန္တလေး  ၁၂ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြောင်းပြင်အုပ်စု၊ ကျောက်ဆောင်ရပ်တွင် ယနေ့ မွန်းလွဲ ၃ နာရီခန့်က တွင်းလုပ်သားနှစ်ဦး ပေ ၁၅၀ ခန့်နက်သော တွင်းဟောင်းအတွင်း ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ မိုးကုတ်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ သတင်းရရှိချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၃၅ မိနစ်တွင် အမျိုးသားတစ်ဦးအား သေဆုံးလျက်နှင့် ကျန်တစ်ဦးအား ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) တွေ့ရှိသဖြင့် ပါရမီလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကျပ်ပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN

ဓာတ်ပုံ- Myanmar Fire Services Department