မိုးကုတ် ၊ တာချီလိတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၁၀  နိုဝင်ဘာ

 

မူးယစ်တပ်ဖွဲ့စု(၅၆)မိုးကုတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီက မိုးကုတ်မြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာစစ်ဆေးရေးဂိတ်တွင် အိုက်နိုင်(ခ)ကျော်လွင်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၅,၇၉၀ နှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ၆ နာရီခွဲခန့်က တာလေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ တာလေမြို့၊ အမှတ်(၃)ရပ်ကွက်၊ တာချီလိတ်-ကျိုင်းတုံ သွားလမ်းမတွင် ရပ်တန့်ထားသည့် ၁၀ ဘီးမော်တော်ယာဉ်တစ်စီးအား VIGO အမျိုးအစားမော်တော်ယာဉ်က အနောက်ဘက်မှ ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်းမှာထွက်ပြေးသွားသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ VIGO အမျိုးအစားယာဉ်မှ ကဖင်း ၅၀ဝ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN