မိုးကောင်းမြို့၌ တိမ်ပင်လယ်ကြည့်ရှုအပန်းဖြေသူများ စည်ကား

မိုးကောင်း၊ ၄ ဇန်နဝါရီ

 

ကချင်ပြည်နယ် မိုးကောင်းမြို့၌ လွတ်လပ်ရေးနေ့တွင် လွိုင်ဟင်းချယ်တောင်ပေါ် တက်ရောက်၍ တိမ်ပင်လယ် ကြည့်ရှုအပန်းဖြေသူများနှင့် စည်ကားလျက်ရှိသည်။

 

မိုးကောင်းမြို့နယ်၌ ပထဆုံးဖော်ဆောင်မည့် တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်တွင် တိမ်ပင်လယ် ကြည့်ရှုသူများ အပန်းဖြေဓာတ်ပုံရိုက်နိုင်ရန် We Love Mogaung အဖွဲ့နှင့် ကြာအင်းရွာမ ကျေးရွာလူငယ်များ ပူးပေါင်း၍ ဝါးကွပ်ပျစ်နှစ်ခု ဆောက်လုပ်ပေးထားပြီး ယနေ့(လွတ်လပ်ရေးနေ့)တွင် တိမ်ပင်လယ်ကြည့်ရှုရင်း အပန်းဖြေ အနားယူသူများ အထူးစည်ကားလျက်ရှိသည်။

 

အဆိုပါ လွိုင်ဟင်းချယ်တောင်၌ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ ကချင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခိုင်ဝင်း၊ ကချင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ သိမ့်သိမ့်မိုးတို့ကလည်း လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ခရီးစဉ်ဒေသသစ်ဖော်ဆောင်ရာတွင် သန့်ရှင်းသာယာ လှပရေးနှင့် ရေရှည်တည့်တံ့ခိုင်မြဲစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)