မိတ္ထီလာ၌ Miss Universe Meiktila 2019 ကျင်းပမည်

မိတ္ထီလာ  ၁၃    ဒီဇင်ဘာ 

မိတ္ထီလာမြို့၌ Miss Universe Meiktila 2019    ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖြစ်ကြောင်း ပွဲစီစဉ်သူ မိတ်ကပ် တောက်တောက် ထံ က သိရသည်။

မိတ္ထီလာမှာ Myanmar Universe Meiktila 2019 ရွေးချယ်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ တော်ဝင်နန်းခန်းမမှာစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မိတ္ထီလာမြို့မှာရှိတဲ့ အမျိုးသမီးငယ်တွေ အနေနဲ့  သူတို့ရဲ့ အလှအပတွေ  အရည်အသွေးတွေကို ဖော်ထုတ်ပြသခွင့်ရဖို့ရည်ရွယ်ပြီး ကျင်းပ မှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ  လူတွေ့စစ်ဆေးပြီးတော့ Miss Universe Meiktila 2019ရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့် ၂၀ ဦးကို ရွေးချယ်သွားမှာဖြစ်ပါတယ် ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့မိတ်ကပ်တောက်တောက်က ပြောသည်။ 

Myanmar Universe Meiktila 2019 ကျင်းပမည့်အစီအစဉ်နှင့်ပတ်သက်၍ သတင်းမီဒီယာနှင့် တွေ့ဆုံရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၃ နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ တော်ဝင်နန်းခန်းမတွင် ကျင်းပခဲ့ပြီး ပွဲစီစဉ်သူများ၊ပါဝင်ကူညီသူများ ၊ မန္တလေးနှင့် မိတ္ထီလာ မှ သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။ 

အဆိုပါ Miss Universe Meiktila 2019 ကို  Myanmar Universe Academy Pagent Production မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး နာမည်ကျော် အဆိုတော်သရုပ်ဆောင်များနှင့်  အိမ့်သက်မှူး  Miss United Continets MyanMar 2018 တို့ပါဝင်သည့် အကဲဖြတ်ဒိုင်အဖွဲ့တို့က အကဲဖြတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ချမ်းသာ(မိတ္ထီလာ)