မိတ္ထီလာမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲ

မိတ္ထီလာ  ၁၄    ဒီဇင်ဘာ

 

မိတ္ထီလာမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်က ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်  စုပေါင်းလမ်းလျှောက်ပွဲကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဌေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ပညာရေးကောလိပ်မှ သင်တန်းသူသင်တန်းသားများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအနီး၊ ဗိုလ်ချုပ်ကြေးရုပ်မှ  မိတ္ထီလာ-မြင်းခြံကားလမ်းဘေး မိတ္ထီလာမြောက်ကန်ပေါင်ပေါ်အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး  မိတ္ထီလာမြောက်ကန်ပေါင်ပေါ်တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်းရေး အတွဲ(၁)နှင့် အတွဲ(၂)တို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

သိန်းမြင့်ကျော် (မိတ္ထီလာ)