မြိတ်မြို့တွင် ၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

မြိတ်   ၁၆    ဖေဖော်ဝါရီ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာတွင် မသမာမှုကင်းရှင်းစွာဖြင့် စာမေးပွဲကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြိတ်မြို့နယ်အတွင်း တက္ကသိုလ် ဝင်ခွင့် စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ် ရေးမှူးများနှင့်စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၆) ရက် နံနက်ပိုင်းက အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ငန်းလက်စွဲပါ စာဖြေသူစာရင်း ပြုစုခြင်းကာလတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စာစစ်ဌာနများလျာထားစီစဉ်ခြင်း၊ စာမေးပွဲကြီးကြပ်ခြင်း၊ စာမေးပွဲစစ်ဆေးသည့်ကာလ၊ တက္ကသိုလ်ဝင်စာမေးပွဲ  ကြီးကြပ်ရေးမှူး၊ တွဲဖက် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ တက္ကသိုလ် ဝင်စာမေးပွဲ လိုက်နာရမည့်စည်းကမ်းချက်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ အသေးသုံး၊ ကြီးကြပ်ခ ချီးမြှင့် ငွေ ထုတ်ပေးခြင်းဆိုင်ရာ အချက်များကို ဆွေးနွေးခဲ့ကြသည်။

မြိတ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၉)ခု ကျင်းပ သွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ(၆၉၀ဝ)ကျော် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန် က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆွေးနွေးပွဲတွင် မြိတ်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ရုံးအဖွဲ့များ စုစုပေါင်း(၅၀ဝ)ဦးခန့်ကို မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။    

ခိုင်ထူး(မြိတ် ပြန်/ဆက်)