မြိတ်မြို့နယ်ရှိ ကျေးရွာများတွင် မိုးသက်လေပြင်းကျပြီး သစ်ပင်များလဲပြိုကာ လူနေအိမ်(၃၇)လုံးနှင့် အဆောက်အဦ(၅)လုံး ပြိုကျပျက်စီး 

မြိတ်   ဩဂုတ်  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကျေးရွာအုပ်စု()အုပ်စုရှိ ကျေးရွာ(၁၄)ရွာတွင် ဩဂုတ် ရက် နာရီခန့်မှစ၍  မိုးသက်လေပြင်းကျရောက်ပြီး သစ်ပင်လဲပြိုကာ လူနေအိမ်(၃၇)လုံးနှင့် အဆောက် အဦငါးလုံး ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး လူများထိခိုက်ဒဏ်ရာရ သေဆုံးမှုများ မရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုးသက်လေပြင်းကျရောက်မှုကြောင့်  လူနေအိမ်(၁၄)လုံး ပြိုကျ ပျက်စီးခဲ့ပြီး လူနေအိမ်(၂၃)လုံး တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့ကာ အခြားအဆောက်အဦ()လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့၍ ၄င်းတို့မှာ ဘုန်းတော်ကြီး ကျောင်း()ကျောင်း၊ ဘုရားဇရပ်()ဆောင်၊ စပါးဂိုတောင်()လုံးနှင့် လက်တူးရေတွင်းအမိုး()ခုတို့ဖြစ်ကြသည်။

ပြိုကျပျက်စီးခဲ့သည့် နေအိမ်နှင့် အဆောက်အဦများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကျေးရွာသူ/သားများမှ စုပေါင်းရှင်းလင်းခဲ့ကြပြီး နေအိမ်များတွင် နေထိုင်ကြသည့် မိသားစုများအား ၄င်း တို့၏ နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ပြောင်းရွေ့နေထိုင်စေလျက်ရှိကြောင်း၊ ဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

21171412

 

11