မြိတ်မြို့၌ Green Growth အစိမ်းရောင်ဒေသဖွံ့ဖြိုးရေး ပညာပေးသင်တန်းနှင့် ကျေးရွာခေါင်းဆောင်မှု သင်တန်း ဖွင့်လှစ်

mdn

မြိတ်        စက်တင်ဘာ        ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ ကျေးရွာများတွင် ဦးဆောင်လျက်ရှိသည့် ကျေးရွာ ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုစွမ်းရည် မြင့်မားလာစေရန် Green Growth အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပညာပေးသင်တန်းနှင့် ကျေးရွာခေါင်းဆောင်မှုသင်တန်းကို ကျေးရွာ ၁၄ ရွာအား စက်တင်ဘာ ၁၈ ရက်က ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက် လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာ ၁၄ ရွာမှ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများအား မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် သင်တန်းပေးခဲ့ခြင်းဖြစ်သည်။

သင်တန်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သည့် အခြေခံအဆောက်အအုံကဏ္ဍ၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု၊ ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချ ပေးခဲ့ကြသည်။

ပညာပေးသင်တန်း၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးပို့ချ ပညာပေးခဲ့ကြကာ သင်တန်းသားများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး(မြိတ်)