မြိတ်ခရိုင် ပြည်သူ့စာကြည့်တိုက်အရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာ သိကောင်းစရာများအား ပြသထား

မြိတ် ၇ ဇူလိုင်

 

မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အစားအသောက်နှင့် ဆေးဝါး‌ရောင်းချသူများဆိုင်ရာနှင့် ပတ်သက်သည့် ပြည်သူများသိရှိစေရန် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များ၊ ဆေးဝါးရောင်းချသူများ လိုက်နာရန်အချက်များ၊ ဆေးဝါးအသုံးပြုသူများ လိုက်နာရန်အချက်များကို ဇူလိုင် ၇ ရက် နံနက်မှစတင်၍ ပြည်သူများ အလွယ်တကူလေ့လာ သိရှိနိုင်ရန်အတွက် ပြသပေးထားကြောင်းကို သိရသည်။

 

ယင်းမြေစိုက်နံရံကပ်ဘုတ်၌ FDA Slogans (ဆောင်ပုဒ်များ)၊ စပ်ဆေးအန္တရာယ်ကင်းရှင်းရေး ဆေးဆိုင်များကို အသိပညာပေး၊ ဆေးဝါးဝယ်ယူရာတွင် သတိထားသင့်သည့်အချက်များ၊ စပ်ဆေးရောင်းချခြင်းမှ ရှောင်ကြဉ်ရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် ဆေးပစ္စည်းများ မရောင်းချရန်နှင့် အမြတ်အစွန်းကို အဓိကမထားဘဲ ပြည်သူအများ ကျန်းမာရေးမထိခိုက်စေရန်နှင့် ကျင့်ဝတ်ပျက်ပြားခြင်း၊ အကုသိုလ်ဖြစ်စေခြင်းတို့ကို ရှောင်ရှားရန် စသဖြင့် ပညာပေးအကြောင်းအရာများနှင့် အသိပညာပေးဆောင်ပုဒ်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို ပြသထားကြောင်း သိရသည်။

 

ဝါဝါခိုင်(မြိတ်ခရိုင် ပြန်/ဆက်)