မိခင်လောင်းတွေက ဆေးရုံမှာထက် အိမ်မှာ ကလေးမွေးဖွားဖို့ပြင်ဆင်လာ

၈ ဧပြီ

ကမ္ဘာ့ကပ်ရောဂါကြောင့် ကလေးမွေးဖွားရန် ရက်နီးကပ်နေတဲ့ အမေရိကန်နိုင်ငံက မိခင်လောင်းတွေဟာ မိမိတို့နေအိမ်တွေမှာဘဲ မွေးဖွားရန်ပြင်ဆင်လာတာကို တွေ့ရပါတယ်။

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားမှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် မိခင်လောင်း ဂျီနာက ဆေးရုံတွေကို မသွားချင်ဘူး။ အဲဒီမှာ နေမကောင်းတဲ့ လူနာတွေ အများကြီး ရှိနေသလို ကျန်းမာရေးဝန်ထမ်းတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ ရှိနေတယ်။ ဒါကြောင့် အိမ်မှာဘဲ မွေးဖွားမယ်လို့ ကိုယ်ဝန် ၇ လရှိပြီဖြစ်တဲ့ ဂျီနာက ပြောပါတယ်။

အိမ်မှာမွေးဖွားစရိတ် ကုန်ကျမှုဟာ ဈေးကြီးကြောင်း၊ ဒါပေမယ့် အဲဒီကုန်ကျစရိတ်ဟာ သုံးရတာတန်ကြောင်း ဂျီနာက ဆက်ပြောပါတယ်။

အလားတူ ဘာတီမိုးပြည်နယ်က အသက်၃၅ နှစ်အရွယ် မိခင်လောင်း အက်ရှလေက လည်း မွေးဖွားစရိတ် ဟာ အမေရိကန် ဒေါ်လာ ၈၀၀၀ လောက် ကုန်မယ်လို့ မျှော်လင့် ရကြောင်းပြောပါတယ်။ အထူးသဖြင့်  အက်ရှလေရဲ့ ခင်ပွန်းဟာ လက်တလောမှာ အလုပ်မှ ရပ်ဆိုင်းခံထားရသူဖြစ်တဲ့အတွက် အဲဒီကုန်ကျစရိတ်ဟာ သူတို့အတွက် မနည်းကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ အသိအမှတ်ပြုလက်မှတ်ရထားတဲ့ သူနာပြုဝမ်းဆွဲဆရာမပေါင်း ၁၂,၀၀၀ ရှိပြီး ၃၀၀၀ နီးပါးဟာ ဆေးရုံတွေမှာမဟုတ်ဘဲ အပြင်မှာ ပုဂ္ဂလိက အလုပ်လုပ်နေကြောင်း သိရပါတယ်။

ဝါရှင်တန် အပြင်မှာ နေထိုင်တဲ့ အသိအမှတ်ပြု လက်မှတ်ရ သူနာပြုဝမ်းဆွဲဆရာမ မာရီယာ က တစ်လကို ကလေး ၄ ယောက်မှ ၆ ယောက်အထိသာ အရင်က မွေးဖွားပေးရပေမယ့် အခုဆိုရင် ၈ ယောက်၊ ဂျူလိုင်လမှ ၁၀ ယောက်မွေးပေးရမယ်လို့  ပြောပါတယ်။

MDN
ကိုးကား - AFP