မီးတောင်ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေအတွက် အောက်မေ့ခြင်းအခမ်းအနားပြုလုပ်

၁၆ ဒီဇင်ဘာ

နယူးဇီလန်နိုင်ငံရှိ White Island မီးတောင်ပေါက်ကွဲမှုအတွင်းမှာ ကမ္ဘာ့လှည့်ခရီးသည် ၁၆ ဦးနဲ့ ဒေသခံလမ်းပြနှစ်ဦးတို့အပါအဝင် ၁၈ ဦးသေဆုံးခဲ့ပါတယ်။ မီးလောင်ဒဏ်ရာရရှိခဲ့တဲ့ အနည်းဆုံး ၁၇ ဦးဟာ ဆေးကုသခံယူနေရဆဲဖြစ်ပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်က မီးတောင်ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေအတွက် ဒီကနေ့ (တနင်္လာနေ့) မှာ တစ်မိနစ်ငြိမ်သက်ပြီး အောက်မေ့ခြင်း အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ 

ဝဲလင်တန်ပြည်နယ်ရှိ နယူးဇီလန် လွှတ်တော်အဆောက်အအုံမှာ အလံတစ်ဝက်လွှင့်ထူပြီး ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့ အစည်းအဝေးကို ရွှေ့ဆိုင်းပြီး တစ်မိနစ်ငြိမ်သက်ကာ သေဆုံးခဲ့သူတွေအောက်မေ့ခဲ့ပါတယ်။ 

သေဆုံးခဲ့သူ၁၈ ဦးထဲမှ ရှစ်ဦးဟာ သြစတြေးလျနိုင်ငံသား၊ နှစ်ဦးဟာ သြစတြေးလျနိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် ရထားတဲ့ အမေရိကန်နိုင်ငံသား နှစ်ဦးနဲ့ နယူးဇီလန်နိုင်ငံသား နှစ်ဦးတို့ဖြစ်ကြောင်း အသက်အရွယ်နဲ့ နာမည်များကိုပါ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  ကျန်နှစ်ဦးရဲ့ အလောင်းကို ရှာဖွေလို့ မရသေးကြောင်း သိရပါတယ်။ 

နယူးဇီလန်နိုင်ငံရှိ White Islandမှာ မီးတောင်ပေါက်ကွဲချိန်တွင် သြစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဂျာမနီ၊ မလေးရှား နဲ့ နယူဇီလန်နိုင်ငံသာ စုစုပေါင်း ၄၇ ဦးဟာ တစ်နေ့ခရီးစဉ်အဖြစ် ရောက်ရှိနေကြပါတယ်။

MDN
ကိုးကား - AFP