မဟာအောင်မြေမြို့နယ်၌ ကုန်တင်ရေယာဉ်ပေါ်တွင် ၀ရိန်ဆော်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နေ ကျော်မျိုးနိုင် (၃၈)နှစ်သည် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီ မိနစ် ၂၀ အချိန် အဆိုပါရပ်ကွက်ရှိ ရတနာပုံသင်္ဘောကျင်း၌ ဒေါက်တင်ပြင်ဆင်လျက်ရှိသော အလျား ၁၇၅ ပေ၊ အနံ ၃၆ ပေ၊ ရေစူး ၇ ပေခန့်ရှိ “ဓနဖြိုး” ကုန်တင်ရေယာဉ်ပေါ်တွင် ဝရိန်ဆော်ရာမှတစ်ဆင့် မီးပွားလွင့်စင်ပြီး ရေယာဉ်ဝမ်းဗိုက်ရှိ ဒီဇယ်ကန်အား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုမှာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားပြီး မီးလောင်မှုကြောင့် ဒီဇယ် ၃၀ ဂါလန်နှင့် မီးစက် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ကျော်မျိုးနိုင်အား အမှတ်(၇)နယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား