MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၄) ဆက်လက်ကျင်းပ

၁၉  ဇန်နဝါရီ

၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၄) ကို ဇန်နဝါရီ ၁၈ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပသည်။

ပွဲစဉ် (၁၄) တွင် လက်ရှိချန်ပီယံ MIU အသင်းက MFF ယူ-၁၉ အသင်းကို ခုနစ်ဂိုး-ဂိုးမရှိ၊ GV အသင်းက On Doctor အသင်းကို သုံးဂိုး-နှစ်ဂိုး၊ AMM Brothers အသင်းက လက်ဝဲသုန္ဒရအသင်းကို ငါးဂိုး-နှစ်ဂိုး၊VUC အသင်းက Do Do Ko Ko အသင်းကို ရှစ်ဂိုး-ဂိုးမရှိ၊ Winner အသင်းက ဖူဆယ်ချစ်သူအသင်းကို လေးဂိုး-နှစ်ဂိုး၊ Dream Team က မြို့မ JY အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုတစ်ပတ်တွင် ထိပ်ပိုင်းမှ VUC နှင့်MIU အသင်းတို့ အမှားအယွင်းမရှိ နိုင်ပွဲဆက်ခဲ့ပြီး AMM Brothers အသင်းမှာလည်း ပထမဆုံးနိုင်ပွဲရယူကာ ဇယားအောက်ဆုံးမှ ရုန်းထွက်နိုင်ခဲ့သည်။

ပွဲစဉ် (၁၄) အပြီးတွင် VUC နှင့် MIU အသင်းတို့က ရမှတ် ၄၀ စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ထိပ်ဆုံးနေရာတွင် ဆက်လက်ဦးဆောင်နေကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။

ယင်းအသင်းများ၏နောက်တွင် GV အသင်းက ၃၆ မှတ်၊ Winner အသင်းနှင့် On Doctor အသင်းက ၂၅ မှတ်စီ၊ မြို့မ JY အသင်းက ၂၁ မှတ်၊ MFF ယူ-၁၉ အသင်းက ၁၆ မှတ်၊ Do Do Ko Ko အသင်းနှင့် Dream Team တို့က၁၅ မှတ်စီ၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်၊  AMM Brothers အသင်းက ငါးမှတ်၊ ဖူဆယ်ချစ်သူအသင်းက လေးမှတ်ရရှိထားသည်။

သတင်း-ရဲရင့်ရှိုင်း