မြေငလျင်သတင်းထုတ်ပြန်ချက်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၀၃)မိနစ်၊ (၂၅)စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် (၄၃)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံ ပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့မြောက်ဘက် (၆)မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၅.၅၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၉) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

MDN