မြေငလျင်သတင်းထုတ်ပြန်ချက်

နေပြည်တော် ၁၅ ဒီဇင်ဘာ

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၄၁)မိနစ်၊ (၅၁) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၀၈၇)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်ပ၊ (Mindanao, Philippines)၊ မြောက်လတ္တီတွဒ် (၆.၅၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၂၅.၁၉) ဒီဂရီ၊ အနက်(၅၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၆) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုးဇလ