မြေငလျင်သတင်း

နေပြည်တော် ၂ ဇွန်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၅၉)မိနစ်၊ (၄၅)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ တောင်ဘက် (၂၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မောက်မယ်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၁၈)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၄၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၇၇)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုး/ဇလ