မောတောင်မြို့နှင့် မူဆယ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၃၁ မေ

 

မောတောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၀ ရက် ညပိုင်းက တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ မြို့မရပ်ကွက်၊ မောတောင်-တနင်္သာရီသွား ကားလမ်းဘေးရှိ မြေကျင်းအတွင်းမှ ဆာလာအိတ် များဖြင့် ထည့်ထားသည့် ဘိန်းစာမှုန့် ၃၅၀ ကီလိုအား သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ မွန်းလွဲ ၃ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်နေ ဆိုင်းခွမ်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၂၀ဝ၀ နှင့် ခြံဝင်းအတွင်း ရပ်တန့်ထားသည့် PARADO အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တစ်ရပ်ကွက်တည်းနေ ဘရန်တောင်အား ဖမ်းဆီးရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

 

ရဲပြန်ကြား