မောင်တောမြို့နယ်၌ လူတစ်ဦး ရေနစ်သေဆုံး

မောင်တော ၃၁ မတ်

 

မောင်တောမြို့၌ မတ် ၃၁ ရက်နေ့ နံနက် ၇ နာရီ အချိန် မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက် ဟိန္ဒူရွာသွားလမ်း ကောင်းသန့် ထမင်းဆိုင်ရှေ့ရှိ ရေသိုလှောင် တွင်းငယ်အတွင်း လူတစ်ဦးသေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ မတ် ၃၁ ရက်နေ့ က မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက် ဟိန္ဒူရွာသွားလမ်း ကောင်းသန့် ထမင်းဆိုင်ရှေ့ရှိ ကန်တော်ကြီးရေသိုလှောင်တွင်းငယ်တွင် လူတစ်ဦးရေနစ်သေဆုံးနေကြောင်း သတင်းအရ မြို့မရဲစခန်းမှ ဒုရဲမှူး ရဲနိုင်ထွန်း၊တာဝန်မှူး ဒုရဲအုပ် ညီညီဇော် နှင့် တပ်ဖွဲ့ဝင်များ မြို့မအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘကြည် နှင့်အတူ သွားရောက်စစ်ဆေးရာ ကောင်းသန့် ထမင်းဆိုင်ရှေ့ရှိ အကျယ်(၂)ပေခန့်၊ အနက်(၆) ပေခွဲခန့်၊ ရေအနက်(၄) ပေ (၄)လက်မခန့်ရှိ ကန်တော်ကြီးရေသိုလှောင်တွင်းငယ်အတွင်း ကုတ်ကွေးသေဆုံနေသည့်(ကျား) အလောင်း တစ်လောင်းအားတွေ့ရှိရသည်။

 

 အလောင်းအား သက်သေများနှင့် အတူ ဆယ်ယူစစ်ဆေးရာ ပြင်ပဒဏ်ရာမဲ့ သေဆုံးနေ သည့် အောင်မိုးကျော်(၄၃)နှစ် ဖြစ်ပြီး ၎င်းမှာ အရက်မူးကာ ကောင်းသန့် ထမင်းဆိုင်ရှေ့ ကန်တော်ကြီးရေသိုလှောင်တွင်းငယ်မှ ရေဆွဲပုံးဖြင့် ရေဆွဲယူနေစဉ် အရှိန်လွန်ကာ ရေသိုလှောင်တွင်းငယ်သို့ လိမ့်ကျနစ်မြုပ်သေဆုံးခဲ့ကြောင်း သိရသည်။

 

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)