မောင်တောမြို့နယ်၊ နံသာတောင်ကျေးရွာ၌ ဦးတည်အုပ်စုတွင် ပါဝင်သူများထဲမှ ပထမအသုတ် (ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

mdn

တောင်ပြိုလက်ဝဲ ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ နံသာတောင်ကျေးရွာ၌ ဦးတည်အုပ်စုတွင် ပါဝင်သူများထဲမှ ပထမအသုတ် (ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၂၂ ရက်က သတ်မှတ်စုရပ်နေရာ အ.မ.က(မူလွန်)ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများမှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးထိုးနှံပေးသည်။ ကာကွယ်ဆေး ထိုးနှံနေမှုများအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဦးတည်အုပ်စုတွင် ပါဝင်သူများကို ပထမအသုတ် (ပထမ) အကြိမ်အဖြစ် (၈၈)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)