မြောင်းထိပ်ရေထိန်းတံခါးနှင့် ဆည်ရေသောက်စနစ်ပြုပြင်ခြင်း ဆောက်လုပ်ပြီးစီးမှုများအား ကွင်းဆင်း စစ်ဆေး

ထီးချိုင့်  ၄   ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ထားရှိသော ဇီးဖြူကျင်းကျေးရွာရှိ မြောင်းထိပ်ရေးထိန်းတံခါးနှင့် ဆည်ရေသောက် စနစ်ပြုပြင်ခြင်း ဆောက်လုပ်ပြီးစီးမှုအား ယမန်‌နေ့နံနက် ၁၀ နာရီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦစီးမှူး ဦးကျော်ထွန်းဦးနှင့် ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ  မြောင်းထိပ်ရေထိန်းတံခါးနှင့် ဆည်ရေသောက် စနစ်ပြုပြင်ခြင်း ဆောက်လုပ်ပြီးစီးမှုများအား သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းမှန်ကန်စေရေး၊ ကျန်ရှိနေသေးသော လုပ်ငန်းများအား အပြီးသတ် လုပ်ဆောင်နိုင်ရေးတို့အတွက် မိမိတို့မှ လိုက်လံစစ်ဆေး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ကျေးရွာများမှ လိုအပ်လျက်ရှိသည့် ကိစ္စရပ်များအား တင်ပြနိုင်ရန်အတွက်  လိုက်လံစစ်ဆေးပေးရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး‌မောင်မောင်က ပြောပြခဲ့သည်။

 

အဆိုပါ ရေလွှဲဆည်သည် ကွမ်းဘောင်ချောင်းပေါ်တွင် တည်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေ (သာမန်) အသုံးစရိတ်မှ ခွဲဝေချထားပြီး Civil Queen Co,LTD မှ ငွေကျပ်( ၅၉ ဒသမ ၅၀ ) သန်းဖြင့် တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)