မြောင်းမြတွင်''အနာဂတ်ကမ္ဘာ့နည်းပညာနှင့်မြတ်ဆရာ''ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းကျင်းပ

မြောင်းမြ ၂  အောက်တိုဘာ

အောက်တိုဘာ(၅)ရက်နေ့တွင်ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို ''အနာဂတ် ကမ္ဘာနည်းပညာနှင့်မြတ်ဆရာ''ခေါင်းစဉ်ဖြင့်ပြည် သူ့စကားဝိုင်းကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ အလက-၃ သီရိရတနာခန်းမ၌ အောက်တိုဘာလ ၁ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီးပြည်သူ့စကားဝိုင်းကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး က ''မြတ်ဆရာ ကျေးဇူး'' ၊ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ''ပညာနှင့်ဆရာ'' ၊ စာရေးဆရာ နေခြည်မောင်(မြောင်းမြ)က ''နာများစွာနဲ့ဆရာသမား'' ၊ အထက(၁)ဒုကျောင်းအုပ် ဦးဟန်ဖြူအောင် က ''တုနှိုင်းမမှီဆရာဂုဏ်ရည်'' ၊ အထက(၄) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဝေက ''ဆရာသည်သာ အခရာ''ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းနှင့်ပတ်သက်၍ သိရှိလိုသည်များ၊ မရှင်းလင်းသည်များအား မေးခွန်းများမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့  ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အင်အား  ၁၅၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

ကျောင်းသားလူငယ်များနှင့် အစိုးရတာဝန်ရှိသူများအကြား ဒီမိုကရေစီအင်္ဂါရပ်များနှင့်အညီ ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စရပ်များကို ပြောဆိုဆွေးနွေးနိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူများ စဉ်းစားတွေးခေါ်မှုမြင့်မားပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်း ဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ်ပြီးကျင်းပပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်/ဆက်ရုံးမှ သိရသည်။

စန္ဒာမိုး(မြောင်းမြ)

received_423785541608217