မြောင်းမြပညာရေးကောလိပ်တွင် စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး ဟောပြောပွဲကျင်းပ

လူငယ်များစိတ်ဓာတ်ခွန်အား မြင့်မားစေရေးအတွက် ယနေ့နံနက် ၉ နာရီမှ စတင်ကာ မြောင်းမြမြို့နယ်ရှိ ပညာရေးကောလိပ်တွင် စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး ဟောပြောပွဲကျင်းပသည်။

 

အဆိုပါဟောပြောပွဲသည် မြောင်းမြခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်မှ “ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်” ခေါင်းစဉ်ဖြင့် လူငယ်များ စိတ်ဓာတ်ခွန်အားရဖွယ်ရာ အကြောင်းအရာများဟောပြောခဲ့ပြီး မြောင်းမြပညာရေး ကောလိပ်ကျောင်းအုပ်ကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းနှင့် ဟောပြောပွဲ သို့ ပညာရေးကောလိပ်မှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာဆရာမများ တက်ရောက် ကြကြောင်း သိရသည်။

 

မိုးစက်(မြောင်းမြ)