မြောင်းမြမြို့နယ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြောင်းမြ   ဇန်နဝါရီ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့အား Clean City၊ Green City၊ Smart City ဖြစ်လာစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ စည်းကမ်းလိုက်နာကြရေး၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်းမရှိစေရေး စသည်တို့အတွက် အသိပညာပေးသည့်အနေဖြင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စုပေါင်း အမှိုက်ကောက်ခြင်းကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက မြောင်းမြမြို့ ဂုန်နီစက်ရုံဝင်းအတွင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဦးဆောင်၍ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူ ၃၀၀ ကျော်တို့က ဂုန်နီစက်ရုံဝင်းအတွင်းရှိ ချုံနွယ်များ ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ယခင် ကိုဗစ် -၁၉ လူနာများ ထားရှိခဲ့သည့်အဆောင်များ အတွင်း၊အပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် စုပေါင်း အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စန္ဒာကြည်(ပြန်/ဆက်)