မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ တယ်လီဖုန်း ကြိုးဖုန်း နံပါတ်များအား နံပါတ်အစားထိုး‌ ၍ စတင်အသုံးပြုဆောင်ရွက်လျှက်ရှိ

မော်လမြိုင်ကျွန်း  ၁  ဇူလိုင်

 

လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိပြည်သူများလက်ရှိ အသုံးပြုလျှက်သော တယ်လီဖုန်း ကြိုးဖုန်းနံပါတ်များအား ယမန် နေ့ ည ၁၁ နာရီအချိန်မှစတင် ၍ယခင် အသုံးပြုလျှက်ရှိသည့် ၀၄၂-၅၀----နံပါတ်နေရာတွင် ၀၄၂-၂၀၅၀---- အား အစားထိုး အသုံးပြုဆောင်ရွက်နေပြီဖြစ်သည်။

 

ပြည်သူများတယ်လီဖုန်း ကြိုးဖုန်းအသုံးပြုရာတွင် ဆက်သွယ်ရေးကောင်းမွန်ပြီး အသံကြည်လင် ပြတ်သားစွာ အသုံးပြုနိုင်ရေးအတွက်ဖိုင်ဘာကေ ဘယ်ကြိုးများဖြင့် အော်တိုအိတ်ချိန်းစက် အသစ်များကို ဖေဖော်ဝါရီ ၁၅ ရက်တွင် လဲလှယ်တပ်ဆင်ခဲ့ပြီး ယခု နံပါတ် အစားထိုးတပ်ဆင်ပြီးပါက မြို့နယ်အတွင်း ADSL အင်တာနက် လိုင်းစနစ် ကိုမကြာမီ ပြောင်းလဲအသုံးပြုလာနိုင် တော့ မည်ဖြစ်ကြောင်း မြို့နယ်ဆက်သွယ်ရေး တာ၀န်ခံ ဦးဇော်ဝင်းနိုင် ထံမှသိရှိရသည်။

 

သီတာအောင်(ပြန်ဆက်)