မော်လမြိုင်ကျွန်းမြို့၌ မှတ်ပုံတင်ထားခြင်း မရှိသည့် တိုင်းရင်းဆေးဝါးများ ရောင်းချမှုရှိ မရှိ ကွင်းဆင်းစစ်ဆေး

မော်လမြိုင်ကျွန်း၊  ၂၃  ဇန်နဝါရီ

 

 

မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် တိုင်းရင်းဆေးဝါးများ ရောင်းချမှုရှိ / မရှိ လိုက်လံစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီက  ဆောင်ရွက်ခဲ့သည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်၊ မြို့နယ် (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ထွန်းဇော်၊  မြို့နယ်ကျန်းမာရေးမှူး ဦးဇော်မြင့်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မြို့မဈေး၊ ဗိုလ်ချုပ်ဈေး၊ အောင်သာယာဈေးများရှိ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများ ရောင်းချခြင်းရှိမရှိ စစ်ဆေးနှင့် တားမြစ်ဆေးဝါးများ ရောင်းချမှု မရှိစေရေး အသိပညာပေးဆွေးနွေးခဲ့သည်။

 

 

အောင်အောင်(ပြန်/ဆက်)