မောက်မယ်မြို့နယ်တွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မောက်မယ် ဒီဇင်ဘာ ၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲနှင့်ခြံများ၌ ပဲတီစိမ်းကိုစိုက်ပျိုးသည့် တောင်သူက ပိုများသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လင်းခေးခရိုင် စိုက်ပျိုးရေးဉီးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဦးဆောင်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များတို့က ပဲတီစိမ်းမျိုးအား ယခင်နှစ်က စမ်းသပ်စိုက်ပျိုးပြသခြင်းကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာမှ ယခုနှစ်တွင် တောင်သူများ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခဲ့ကြသည်။

 

ယခင်က သီးနှံများ တိုးချဲ့စိုက်ပျိုးမှုပုံစံတွင် လယ်မြေများ၌ မိုးကြိုနှမ်းစိုက်ပျိုးပြီးလျှင် မိုးစပါးကိုလည်းကောင်း၊ ယာမြေများတွင် မိုးကြိုနှမ်း စိုက်ပျိုးပြီးလျှင် ပဲတီစိမ်း (သို့) ဆောင်းပဲပုတ်သော် လည်းကောင်း စိုက်ပျိုးခြင်းဖြစ်ပြီး မူလသီးနှံအထွက်နှုန်း တိုးတက်ရေးနှင့် သီးထပ်သီးနှံများကို စိုက်ပျိုးချိန်မီရန်အတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် ပဲတီစိမ်းမျိုးအား တစ်ပိဿာ ၁၈၀ဝ နှုန်းသာရရှိကာ စျေးကောင်းရရန် တောင်သူများ မျှော်လင့်နေကြောင်း တောင်သူ ဒေါ်နန်းခမ်းထံမှ သိရသည်။

 

စိုင်းမျိုးသန့် (မောက်မယ်)