မြောက်ကိုရီးယားဆွေးနွေးပွဲအတွက် နောက်ဆုံးရက်မသတ်မှတ်ဟု ကန်အထူးကိုယ်စားလှယ်ပြော

၁၆ ဒီဇင်ဘာ

ပြုံးယမ်းနှင့်ဆွေးနွေးရန်အတွက် ဝါရှင်တန်မှာ နောက်ဆုံးသတ်မှတ်ရက်မရှိသေးကြောင်း မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။  

 

us1

 

တောင်ကိုရီးယားနိုင်ငံ၏ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ အထူးကိုယ်စားလှယ် လီဒိုဟွန်း ပါဝင်သည့် ဆိုးလ်မြို့တော်၌ပြုလုပ်သည့် ဆွေးနွေးပွဲတွင် စတီဖန်ဘီဂွန်က သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

အမေရိကန်ပြည်ထောင်အနေဖြင့်  နောက်ဆုံးရက် သတ်မှတ်မထားသော်လည်း ပြီးခဲ့သည့်နှစ် သမိုင်းဝင်ထိပ်သီးအစည်းအဝေးတွင် သမ္မတဒေါ်နယ်ထရန့် နှင့်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့၏ ကတိကဝတ်များကို မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ဖြည့်ဆည်းပေစေလိုကြောင်း ဘီဂွန်က ပြောကြားခဲ့သည်။ 

 

'တို့တွေအလုပ်လုပ်ဖို့ အချိန်ရောက်ပြီ နျူကလီးယားဖျက်သိမ်းရေးကို လုပ်ဆောင်ရအောင်။ စေ့စပ်ညှိနှိုင်း ရေးစားပွဲသို့ ပြန်သွားရအောင်” ဟု မြောက်ရီးယားနိုင်ငံအား ၎င်းက တိုက်တွန်းထားသည်။ 

 

အမေရိကန်ပြည်ထောင်နှင့် အခြားသောပါတီများကို ဝေဖန်သည့် မြောက်ကိုရီးယား အကြီးတန်းအရာရှိများ၏ မကြာသေးမီက ထုတ်ပြန်ချက်များအပေါ် မကျေနပ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။ 

 

၎င်းတို့တွင်  မလိုလားအပ်သည့် ရန်လိုမှုများရှိနေခြင်းမှာ  စိတ်မကောင်းစရာဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။ 

 

နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်ပြီး အကျပ်အတည်းကို ကျော်လွှားရန်နှင့် လိုက်လျောရန်အတွက် အမေရိကန်ပြည်ထောင်စု အနေဖြင့် ဆွေးနွေးပွဲရက်ကို ယခုနှစ် နောက်ဆုံးရက်ကို တစ်ဖက်သတ်ကြေညာခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။ 

 

အင်္ဂါနေ့တွင် တောင်ကိုရီးယားမှ ထွက်ခွာရန် ဘီဂွန်က စီစဉ်ထားသည်။

 

အခြားနေရာ သို့မဟုတ် အပစ်အခတ်ရပ်စဲရေးရွာ ပန်မွန်ဂျုံတွင် မြောက်ကိုရီးယားနိုင်ငံနှင့် တွေ့ဆုံရန် အာရုံစိုက်လျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်