မြောက်ကိုရီးယား ငါးဖမ်းလှေ ဂျပန်ပင်လယ်ပြင်တွင် တိမ်းမှောက်

၁၆ အောက်တိုဘာ

 

 

ဂျပန်ပင်လယ်ပြင်ရှိ ဂျပန်နိုင်ငံ၏ အထူးစီးပွားရေးဇုန်တွင် မြောက်ကိုရီးယား ငါးဖမ်းလှေတစ်စင်း တိမ်းမှောက်ခဲ့ကြောင်း အကြောင်းကြားစာ ရရှိခဲ့သည်ဟု ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ဆိုသည်။

 

 

မြောက်ကိုရီးယား ငါးဖမ်းလှေတစ်စင်းက အခြားငါးဖမ်းလှေတစ်စင်း တိမ်းမှောက်ခဲ့သဖြင့် ရှာဖွေနေကြောင်း ၎င်းတို့ကို ပြောကြားခဲ့သည်ဟု ဂျပန်ငါးလုပ်ငန်း အေဂျင်စီရေယာဉ်က ကမ်းခြေစောင့်တပ်ဖွဲ့ထံ ယနေ့မနက်စောပိုင်းက သတင်းပေးပို့ခဲ့သည်။

 

 

အဆိုပါ မြောက်ကိုရီးယား ငါးဖမ်းလှေ တိမ်းမှောက်မှုမှာ တိုက်မိခြင်းကြောင့် မဟုတ်ဟု ယင်းအေဂျင်စီရေယာဉ်က ဆိုသည်။

 

 

ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့သည် ထိုငါးဖမ်းလှေကို ရှာဖွေရန် ကင်းလှည့်ရေယာဉ်နှင့် လေယာဉ်တို့ကို စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို