မြောက်အမေရိကားမှာ ရုံးတင်နေတဲ့ Maleficent ဇာတ်ကားအသစ် ဝင်ငွေအများဆုံးရ

၂၁ အောက်တိုဘာ

 

 

မြောက်အမေရိကားတိုက်အတွင်းရှိနိုင်ငံတွေမှာ ရုံတင်ပြသခဲ့တဲ့ Maleficent: Mistress of Evil ရဲ့ ရုံးပိတ်ရက်အတွင်း ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၆ သန်းနီးပါး ရရှိကြောင်း သိရပါတယ်။ ဒါပေမယ့် အခုဝင်ငွေဟာ ၂၀၁၄ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Maleficent မူရင်းဇာတ်ကားရဲ့ ပထမဦးဆုံး ရုံတင်ရက်ရဲ့ ဝင်ငွေထက်နည်းခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ပြောပါတယ်။

 

 

၂၀၁၄ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Maleficent မူရင်းဇာတ်ကားရဲ့  ရုံးပိတ်ရက် နှစ်ရက်ရဲ့ ဝင်ငွေဟာ ၆၉.၄ သန်း ရှိခဲ့ကြောင်း သိရပါတယ်။

 

 

ဒုတိယ ဝင်ငွေကောင်းတဲ့ ဇာတ်ကားက Joker ဖြစ်ပြီး သောကြာကနေ တနင်္ဂနွေနေ့အထိ ၂၉.၂သန်း ဝင်ငွေရှိပြီး တတိယ ဝင်ငွေကောင်းခဲ့တဲ့ ဇာတ်ကားကတော့ Zombieland: Double Tap ဖြစ်ပြီး ၂၆.၇ သန်း၊ စတ္ထုနေရာမှာ ဟော်လိုးဝင်း ရာသီဇာတ်ကား The Addams Family ဖြစ်ပြီး ၁၆.၁ သန်း ဝင်ငွေရှိခဲ့ပါတယ်။ ဝင်ငွေကောင်းခဲ့ တခြားရုပ်ရှိတွေကတော့ Gemini Man၊ Abominable၊ Downton Abbey၊ Judy ၊ Hustlers နဲ့ IT: Chapter Two ဇာတ်ကားတို့ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP