မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေးကျောင်းများနှင့် မျက်မမြကျောင်းသို့ ဆန်၊ ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့

မြစ်ကြီးနား   ဒီဇင်ဘာ   ၇

 

မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေးကျောင်း များနှင့် မျက်မမြင်ကျောင်းသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက ဆန်၊ ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများကို ဒီဇင်ဘာ ၇ ရက်က သွားရောက်ထောက်ပံ့ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များဖြစ်ကြသည့် ဦးလောဆန်းနှင့် ဦးခွန်သန့်ဇင်တို့သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မိဘမဲ့ကလေးများ ဖွံ့ဖြိုးရေးဂေဟာသို့ သွားရောက်ပြီး ဆန်၊ ဆီ၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ခြုံစောင်များကို ထောက်ပံ့ပေးအပ်သည်။

           

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက စီတာပူရပ်ကွက်ရှိ Grace Happy Land မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေးကျောင်း၊ မိဘမဲ့ရိပ်မြုံဂေဟာနှင့် တပ်ကုန်း(အင်ဂျံဒုံ) ရပ်ကွက်ရှိ မေတ္တာရင်ခွင် မိဘမဲ့ဂေဟာ တို့ကို ဆက်လက်သွားရောက်ကာ ဆန်၊ ဆီ၊ ခြုံစောင်နှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်ကြီးရပ်ကွက်ရှိ အေးမြသာယာ မျက်မမြင်ကျောင်း သို့ ရောက်ရှိကာ မျက်မမြင်ကျောင်းအုပ်ကြီးနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကျောင်းအတွက် ဆန်၊ ဆီ၊ ခြုံစောင်များ၊ ကိုဗစ် ကာကွယ်ရေးသုံး ပစ္စည်းများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက အလှူငွေကျပ် ၈ သိန်းကို ပေးအပ်လှူဒါန်းသည်။

 

ယနေ့ လှူဒါန်းမှုမှာ မျက်မမြင်ကျောင်းနှင့် မိဘမဲ့ဂေဟာများသို့ ဆန်အိတ် ၁၀၀၊ ဆီ ၁၀၀ ဘူး၊ ခြုံစောင် ၁၀၀ နှင့် နှာခေါင်းစည်း Mask များ၊ Hand Gel ဘူးများ၊ ဆပ်ပြာခဲများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)