မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတွင် လူစီးရထားတစ်စီးသာလျှင် ပြေးဆွဲပေးတော့မည်

မိုးကောင်း   ၈ ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အစုန်/အဆန် ရထားများအားလုံးကို ယာယီဖျက်သိမ်းပြီး လူစီးရထားတစ်စီးသာလျှင် ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း မိုးကောင်းဘူတာရုံပိုင်ကြီး ဦးမျိုးသိန်းထွန်းထံမှ သိရသည်။

 

မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတွင် ပြေးဆွဲလျှက်ရှိသော အစုန်/အဆန် ရထားများအားလုံးကို ဧပြီ ၁၀ ရက်မှစတင်၍ ပြေးဆွဲမှုယာယီဖျက်သိမ်းပြီး အမှတ် ၄၂ အစုန် မြစ်ကြီးနား-မန္တလေး ရထားနှင့် အမှတ် ၄၁ အဆန် မန္တလေး-မြစ်ကြီးနား လူစီးရထားတစ်စီးသာလျှင် ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)