မဘိမ်းမြို့နယ်၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၄၂၆ ဦးရှိ  

မဘိမ်း   ဇန်နဝါရီ   ၂၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂ဝ၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၄၂၆ ဦးရှိကြောင်း သိရှိရသည်။

 

မြန်မာနိုင်ငံစာစစ်ဌာန(နေပြည်တော်)မှ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန် ဝင်ခွင့်လျှောက်ထားခြင်းကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ရက်တိုးမြှင့် ပြင်ဆင်သတ်မှတ်ချက်အရ မဘိမ်းမြို့နယ် အထက(မဘိမ်း) စာစစ်ဌာနတွင် ကျောင်းဖြေ ဖြေဆိုသူ  ကျောင်းသား၊ ကျောင်းသူ ၁၇ဝ၊ ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၇၃ ဦး စုစုပေါင်း ၂၄၃ ဦးနှင့် အထက(ငါးအိုး) စာစစ်ဌာနတွင် ကျောင်းဖြေ ဖြေဆိုသူ  ကျောင်းသား၊ ကျောင်းသူ ၇၈ ဦး၊ ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁ဝ၅ ဦး စုစုပေါင်း ၁၈၃ ဦးရှိသည်။

 

မဘိမ်းမြို့နယ်တွင် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ဌာနနှစ်ခုရှိကြောင်းနှင့် အဆိုပါ စာစစ်ဌာနများမှာ အခြေခံပညာ အထက်တန်းကျောင်း(မဘိမ်း) စာစစ်ဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း(ငါးအိုး) စာစစ်ဌာနတို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မျိုးမင်း(ပြန်/ဆက်)