MAC အလှကုန်နှင့် ပူးပေါင်းကာ ကိုယ်ပိုင်အမှတ်တံဆိပ်အလှကုန်များ လီဆာမိတ်ဆက်

နိုဝင်ဘာ  ၁၄

ကျော်ကြားတဲ့ ကေပေါ့ပ်ကြယ်ပွင့် တစ်ဦးဖြစ်သူ လီဆာက လတ်တလောမှာ သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အလှကုန်သစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ အလှကုန်တွေကို လီဆာက ကျော်ကြားတဲ့ အလှကုန် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ MAC နဲ့ ပူးပေါင်းခဲ့ကာ MAC x L လို့ အမည်ပေးထားကြောင်း အေးရှား ဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး လီဆာက သူ့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ခွင့်ရခဲ့တာဟာ လက်ရှိအချိန်အထိ အကြီးကျယ်ဆုံးသော ပရောဂျက်တွေထဲက တစ်ခုဖြစ်ပြီး ပရိသတ် တွေကို ဖွင့်ဟပြောပြဖို့ စိတ်လှုပ်ရှားနေမိကြောင်းနဲ့ ဒါဟာ သူ့အတွက် ပထမဆုံးသော မိတ်ကပ်ကော်လရှင် တစ်ခုလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ ယင်းအလှကုန်တွေကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ထားတာပါ။ ဒီအလှကုန်တွေဟာ လီဆာအနေနဲ့ သူ့ရဲ့ ပရိသတ်တွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး လှပနေစေဖို့ အတွက် ရည်ရွယ်ကြောင်းလည်း သိရပါတယ်။

အေးပြည့်