လယ်ယာမြေဧက ၁၀၀၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်း ဖောက်လုပ်မည်

လွိုင်လင် နိုဝင်ဘာ ၂၈

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုံတန်၊ တွန်တီး ကျေးရွာနှစ်ရွာရှိ လယ်ယာမြေဧက ၁၀၀၀ ကျော်မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက် ကုန်ထုတ်လမ်းနှစ်လမ်း ဖောက်လုပ်သွားမည်ဖြစ်ကြောင်း လွိုင်လင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဒုံတန်ကျေးရွာတွင် လမ်းအရှည် တစ်မိုင်ရှိသော ကျေးလက်ကုန်ထုတ်လမ်း ခင်းခြင်းလုပ်ငန်း၊ တွန်တီးကျေးရွာတွင် လမ်းအရှည် တစ်မိုင် နှစ်ဖာလုံရှိသော ကျေးလက်ကုန်ထုတ်လမ်း ခင်းခြင်း လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် လျာထားတင်ပြထားပြီး အဆိုပါကျေးရွာ နှစ်ရွာရှိ ကုန်ထုတ်လမ်း နှစ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက လယ်ယာမြေဧက ၁၀၀၀ ကျော်မှ လယ်ယာထွက်ကုန်များသည် လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ တောင်ကြီး မြို့ကြီးများရှိ စျေးကွက်သို့ အချိန်မီ ရောက်ရှိလာမည်ဖြစ်ကြောင်း လွိုင်လင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်ထံမှ သိရသည်။

 

ငြိမ်းသူ

 

mdn