လယ်ယာလက္ကားအမှတ် (၃) သမဝါယမအသင်းပိုင်ဆန်စက်မှ အရည်အသွေးမီဆန်စပါးများ ကြိတ်ခွဲထုတ်လုပ်

ပဲခူး ၁၃  ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး လယ်ယာလက္ကားအမှတ်(၃) သမဝါယမအသင်းသည် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်း၊ ဆန်စပါးကြိတ်ခွဲခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး နှစ်စဉ်မျိုးစေ့ထုတ် လုပ်ငန်းမှရရှိသော စပါးများကို အသင်းသားတောင်သူများထံ ရောင်းချစိုက်ပျိုးစေပြီး သီးနှံထွက်ရှိ လာပါက ထိုအသင်းသား တောင်သူများထံမှ ဒေသပေါက်ဈေးထက်ဈေးပိုမိုပေးကာ ဝယ်ယူကြိတ်ခွဲ ပေးလျက်ရှိပါသည်။ ယခုနှစ် (၂၀၂၀)နွေစပါးရာသီတွင် တောင်သူ (၄၆၇)ဦး၏ လယ်ဧက (၁၆၁၀)တွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ဝယ်ယူကြိတ်ခွဲလျက်ရှိရာ တစ်နေ့လျှင် အဆိုပါ ဆန်စက်ကြီးမှစပါးတန် (၆၀) (သို့မဟုတ်) စပါးတင်း (၃၀၀၀)ကို ကြိတ်ခွဲနိုင်ပြီး တစ်နှစ်လျှင် စပါး တင်း (၃)သိန်းမှ (၅)သိန်းထိ အလေအလွင့် နည်းစွာကြိတ်ခွဲပေးနိုင်ကြောင်း  သိရသည်။  

  
MDN