လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်းအတွင်းမှ သစ်ခွဲသားများ သိမ်းဆည်းရမိ

လယ်ဝေး  ၂၆  ဇန်နဝါရီ 

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်ခွဲသားများ ဖမ်းမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်က သတင်းအရ တာဝန်ရှိသူများအဖွဲ့သည် ပျဉ်းမနား သစ်တောဦးစီးအရာရှိ ဦးကျော်မင်းသန့်အဖွဲ့၊ လယ်ဝေးသစ်တောအဖွဲ့တို့နှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ စစ်ကြောင်းအသွင်ဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်း အကွက်အမှတ်(၅၅)၊ (၆၅)၊ (၆၆)နေရာများမှ အခြားသား ၁၂၆ ချောင်း၊ ၂၂ ဒသမ  ၇၇၃၄ တန် သိမ်းဆည်းရမိသဖြင့် တရားမဝင် သစ်ခွဲသားပြုလုပ်သူအား စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လူအောင်(ကသာ)