လူငယ်တွေအတွက် အောင်မြင်မှု အတွေးစကား ၇၇

စာရေးသူ အကြီးကိုကို(ကသာ) စီစဉ်ရေးသားသည့် လူငယ်တွေအတွက် အောင်မြင်မှု အတွေးစကား ၇၇ စာအုပ်ထွက်ရှိလာသည်။


လူတစ်ယောက်တွင် တစ်ရက်လျှင် ၂၄ နာရီစီပိုင်ဆိုင်ထားပြီး ယင်းကဲ့သို့ပိုင်ဆိုင်ထားသည့် အချိန်များကို အကောင်းဆုံး အကျိုးရှိရှိ အသုံးချနိုင်သည့် သူသည် ရှေ့ကိုရောက်ရှိခြင်း၊ အောင်မြင်မှုပန်းတိုင်ကို ဆုပ်ကိုင်ထားနိုင်မည်ဖြစ်သည်။ သင်မျှော်မှန်းသည့်ပန်းတိုင်ကို မနက်ဖြန်လို့ သတ်မှတ်လိုက်ပါ၊ သင်သည် မနေ့ကလည်း ဘာမျှအားမစိုက်ခဲ့ဘူး၊ အခုလက်ရှိပိုင်ဆိုင်နေသည့် ဒီနေ့ကိုလည်း အကျိုးရှိရှိအသုံးမချနိုင်ခဲ့လျှင် သင့်အနာဂတ်၏ အိပ်မက်ဖြစ်သည့် မနက်ဖြန်ဆိုသည့် ပန်းတိုင်သည်လည်း လှပလာမည်မဟုတ်ပါ၊ လောကကြီးတွင် လူတိုင်းအောင်မြင်လိုကြသည်။ အောင်မြင်လိုပါက အတွေးအခေါ်လှပပါစေ၊ သင်ပိုင်ထားသည့် တစ်ရက်ကို အကောင်းဆုံးအသုံးချရမည်ဖြစ်ကြောင်း ရေးသားထားသည်။


ကြေးမုံစာအုပ်စင်