"လူငယ်နှင့်ငြိမ်းချမ်းရေး" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ 

မိုင်းငေါ့ ၁၈ ဇန်နဝါရီ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး "လူငယ်နှင့်ငြိမ်းချမ်းရေး" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က  မိုင်းငေါ့မြို့ လူထုအခြေပြုဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး  မိုင်းငေါ့မြို့ အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်သန်းသန်းရီက "လူငယ်နှင့်ငြိမ်းချမ်းရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းပြဆရာမ ဒေါ်နန်းထွေးလင်းကြည်က "ငြိမ်းချမ်းရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း  အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။


ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ ကျောင်းသား/သူ ၆၇ ဦးတက်ရောက်ခဲ့ကြောင်း ခရိုင်ပြန်/ဆက် မှသိရသည်။


MDN