လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) စကားသံများ

မကွေး  ၁၄  ဒီဇင်ဘာ

 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ မကွေးတက္ကသိုလ် တွင် ကျင်းပလျက်ရှိရာသုတ၊ ရသနှင့် ပျော်ရွှင်မှုများစွာကိုခ ံစားရရှိသည့် အဆိုပါပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

 

မေသူကျော် (ငြိမ်းချမ်းရေးဂီတပွဲတော် ဆုရအဆိုရှင်)

 

ဖျော်ဖြေရေးလဲပါတဲ့အတွက် သီချင်းတွေ လာရောက်နားထောင်ပြီး အနားယူရတဲ့အတွက် ပျော်ပျော်ရွှင်ရွှင်လဲ ဖြစ်တာပေါ့နော်။ စာတွေလဲဖတ်၊ သီချင်းတွေလဲနားထောင်လို့ ရတာပေါ့နော်။

 

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို လူငယ်တွေ လာရောက်လေ့လာတယ်။ ဖျော်ဖြေရေးလဲ ပါတဲ့အတွက် သီချင်းတွေ လာရောက်နားထောင်ပြီး အနားယူရတဲ့အတွက် ပျော်ပျော်ရွှင်ရွှင်လဲ ဖြစ်တာပေါ့နော်။ စာတွေလဲဖတ်၊ သီချင်းတွေလဲ နားထောင်လို့ရတာပေါ့နော်။

 

သမီးကိုယ်တိုင်လဲပထမနှစ် တက်နေပါပြီ။ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာဆိုရင်လဲ စာပေအတွက် Club တွေလဲရှိတယ်။ အဖွဲ့တွေလဲအများကြီးရှိလာတယ်။ ကျောင်းတွေမှာစာကြည့်တိုက်တွေရှိတယ်။ ကျောင်းသား၊ ကျောင်းသူလူငယ်တွေအတွက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်နဲ့ ကလေးစာပေပွဲတော်တို့ ကျင်းပတဲ့အခါ အားလုံးလာရောက်လေ့လာလို့ရတယ်။ စုံစုံလင်လင် ရှိတဲ့အတွက် လာသင့်တယ်လို့ ထင်ပါတယ်။

 

2

 

အောင်ရေချမ်း (MRTV-4ဇာတ်လမ်းတွဲသရုပ်ဆောင်)

 

ပညာရေးအရရော လူမှုရေးအရရော ကျန်းမာရေးကအစ ဘာတွေဘယ်လိုဖြစ်တယ်ဆိုတာ Sharing လုပ်တာ အရမ်းကောင်းတယ်လို့ မြင်ပါတယ် ခင်ဗျာ။

 

အရမ်းဝမ်းသာပါတယ်။ ကျွန်တော်အနေနဲ့ ပထမဦးဆုံးအဖြစ် လူငယ်တွေနဲ့ ဆွေးနွေးပွဲ တက်ရောက်တယ်လို့ ပြောလို့ရပါတယ်ခင်ဗျာ။

 

ကျွန်တော်တို့လည်း လူငယ်ကနေ လူလတ်ပိုင်းကို ရောက်လာပြီပေါ့နော်။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကို Sharing လုပ်တာလို့ ပြောလို့ရပါတယ်။ လူငယ်တွေမှာ လူတစ်ယောက်၊ ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ Lifestyle မှာ ဘယ်လိုဖြတ်သန်းလဲ။ နေပုံထိုင်ပုံတွေကို လူငယ်တွေနဲ့ Sharing လုပ်တာ အရမ်းကောင်းတယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အရှေ့ကအကြီးတစ်ယောက်အနေနဲ့ ဘာတွေမှားတယ်။ ဘာတွေမှန်တယ်။ ပညာရေးအရရောလူမှုရေးအရရော ကျန်းမာရေးကအစ ဘာတွေဘယ်လို ဖြစ်တယ်ဆိုတာ Sharing လုပ်တာအရမ်းကောင်းတယ်လို့ မြင်ပါတယ်ခင်ဗျာ။ လူငယ်တွေကို ပြောချင်တဲ့ စကားကအများကြီးပါပဲ။ အဲဒီထဲမှ မိမိကိုယ်ကိုယ်လည်းချစ်ပါ။ ပြီးတော့ ကျွန်တော် ဘုရားမှာလည်း အမြဲဆုတောင်းပါတယ်။ ကျွန်တော်သည် တိုင်းပြည်နှင့် လူမျိုးအတွက် အရေးပါ အရာရောက်သောသူတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ အဲလိုအမြဲဆုတောင်းပါတယ်။ အဲဒီတော့ အားလုံးအတွက်ရော ကိုယ့်အတွက်ရော တိုင်းပြည်နှင့် လူမျိုးအတွေအရေးပါ အရာရောက်တဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

 

3

 

ဦးရဲနိုင်မိုး (ဥက္ကဋ္ဌ၊နည်းပညာဆိုင်ရာဆပ်ကော်မတီ)

 

ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေကို အသိပညာမျှဝေတဲ့လုပ်ငန်းတွေကိုလည်း လုပ်ဆောင်လျက် ရှိပါတယ်။

 

ကျွန်တော်တို့က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)မှာ IT နည်းပညာဆိုင်ရာ ဆပ်မကော်မတီအနေနဲ့ ပါဝင်တယ်ခင်ဗျ။ အခုခေတ်ကတော့ အားလုံးသိတဲ့အတိုင်း IT ခေတ်ဖြစ်ပါတယ်။ IT ခေတ်ဖြစ်တဲ့ အခါကျတော့ လူငယ်တွေကလည်း IT ကိုမစိမ်းတော့ပါဘူး။ မစိမ်းတဲ့အခါလည်း IT နဲ့ပတ်သက်တဲ့ အသိအမြင် အတွေ့အကြုံတွေကို ရရှိဖို့လိုအပ်ပါတယ်။

 

ကျွန်တော်တို့ကော်မတီက ဒီပွဲတော်မှာန ည်းပညာဆိုင်ရာ ဆပ်ကော်မတီအနေနဲ့ ပါဝင်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်ဆပ်ကော်မတီမှာ IT အခြေခံပညာရပ်တွေအဲဒါအပြင် ဒီခေတ်ကြီးမှာ online အသုံးပြုလာတာတွင် ကျယ်လာတာနဲ့အမျှ လုံခြုံရေးပိုင်းဆိုင်ရာ အရေးကြီးလာတဲ့အတွက် ဆိုက်ဘာလုံခြုံရေးပိုင်းမှာ သိရှိရမယ့် ဆောင်ရန်ရှောင်ရန်တွေကို ပြသသွားမှာဖြစ်ပါတယ်။ နောက်ပြီး အစိုးရကနေပြုလုပ်တဲ့ e-govဝန်ဆောင်မှုတွေ ဘယ်လိုဝန်ဆောင်မှုတွေပေးနေလဲ၊ e-gov data center တည်ဆောက်ဖို့ ရှိတဲ့အခြေအနေစတဲ့ အစိုးရကပေးတဲ့ ဝန်ဆောင်မှုတွေကို ပြသသွားမှာဖြစ်ပါတယ်။ ပြီးရင်လည်းဒီနည်းပညာတွေကို အသိပညာပေးဖြန့်ဝေသွားဖို့ ရှိပါတယ်။ လက်ရှိမှာလည်း နည်းပညာတက္ကသိုလ်တွေ၊ ကွန်ပျူတာတက္ကသိုလ်တွေဖိတ်ကြားတဲ့ တက္ကသိုလ်တွေ ရှိခဲ့ရင်လည်း သွားပြီးတော့ ဆိုက်ဘာနဲ့ပတ်သက်ပြီး IT နဲ့ပတ်သက်ပြီး အသိပညာဗဟုသုတတွေကို မျှဝေပေးလျက်ရှိပါတယ်။ ပြီးတော့ တက္ကသိုလ်တွေကလည်း ဖိတ်ကြားလျက် ရှိပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့လည်း တက္ကသိုလ်တွေကို သွားပြီးတော့ awareness ပေးလျက်ရှိပါတယ်။ ဆရာ၊ ဆရာမတွေ၊ကျောင်းသားတွေကိုအသိပညာ မျှဝေတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။

 

4

 

မဝိုင်းမေမြင့် (Fifth Year၊ ကွန်ပျူတာတက္ကသိုလ် - မကွေး)

 

ပုံမှန်အားဖြင့်တော့ တက္ကသိုလ်တက်ရင် အမှတ်မီတာကို တက်ကြတာများတယ်လေ။ ဒါပေမယ့် အဲလိုတွေကိုမြင်တဲ့အခါကျတော့ ဘယ်လိုအရာကိုထိတွေ့ သင်ကြားရမှာအဲလို အရာတွေ သိသွားတယ်။

 

ညီမလေးတို့က ကွန်ပျူတာတက္ကသိုလ်မကွေးအနေနဲ့ ကိုယ်စားပြုပြီးလာရောက် ကစားတာပါ။ ပါဝင်ကစားဖြစ်တာက လူငယ်ဘက်စုံပွဲဆိုတော့ အခြားကျောင်းတွေရယ်၊ ကိုယ့်ကျောင်းရယ် ချစ်ကြည်ရင်းနှီးမှုရအောင် အပျော်တမ်းကစားပွဲ လာရောက်ကစားတာပါ။ ဒီလိုပွဲတွေကျင်းပပေးတဲ့ အတွက် ပျော်ပါတယ်။ မကွေးမြို့မှာဒီလိုမျိုးပွဲတွေ လုပ်ပေးတဲ့အတွက် မကွေးမြို့ဟာ စည်စည်ကားကား ဖြစ်လာတယ်။ ပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေလည်း ပွဲတစ်ခုအနေနဲ့ မကွေးတိုင်းမှာရှိတဲ့ တက္ကသိုလ် ပေါင်းစုံကိုယ်ပိုင်ကျောင်းတွေကအစ အဲ့လိုမျိုး ပါဝင်ခွင့်ရတယ်။ တစ်ဖက်နှင့် တစ်ဖက် ရင်းနှီးချစ်ခင်မှုလည်းရှိတာပေါ့။ ညီမတို့ ကျောင်းဆိုလို့ရှိရင် Hardware ပိုင်းတွေရော Software ပိုင်းတွေရော ပြခန်းပါဝင်တယ်။ အခြားကျောင်းတွေလည်း အဲလိုပဲ။ ပြခန်းတွေပါတဲ့အတွက် သူ့ကျောင်းကိုယ့်ကျောင်း ဗဟုသုတတွေ ဖလှယ်လို့ရတယ်။ ကိုယ်သိချင်တာအစ ကြည့်လို့ရတယ်။ အခြေခံပညာရေးကျောင်းတွေပါ ဖိတ်ထားတဲ့အတွက်ကြောင့် ကွန်ပျူတာတက္ကသိုလ်ကလုပ်နိုင်တဲ့ ပြနိုင်တဲ့ အရာတွေကိုလူငယ်တွေကမြင်တယ်။ မြင်တဲ့အခါ သူတို့ တက္ကသိုလ်တက်ရင် ဘယ်တက္ကသိုလ်တက်ရင်ဆိုတာ ရွေးချယ်တဲ့အခါကျရင် သူတို့ ဝါဒနာတွေကိုလည်း တစ်ခါတည်းပြလိုက်လို့ ရတယ်။ တက္ကသိုလ်ဆိုတာဒီလိုပါလား။ TU ဆိုရင်လည်း TU ဆိုတာဒီလိုပါလားပေါ့။ အဲလိုမျိုးတွေကအစသူတို့ ခေါင်းထဲမှာသိသွားစေတယ်။ ပုံမှန်အားဖြင့်တော့ တက္ကသိုလ်တက်ရင် အမှတ်မီတာကိုတက်ကြတာများတယ်လေ။ ဒါပေမယ့် အဲလိုတွေကိုမြင်တဲ့အခါကျတော့ ဘယ်လိုအရာကိုထိတွေ့ သင်ကြားရမှာအဲလို အရာတွေ သိသွားတယ်။ ပြပွဲတွေကိုလည်းလာရောက်ကြည့်ရှုဖို့ အားကစားတွေကိုလည်း လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။

 

5

မနန်းဆုရွှေရည်ထက် (တတိယနှစ်၊ စီးပွားရေးတက္ကသိုလ်-မိတ္ထီလာ)

 

ဒီပွဲမှာပြခန်းတွေနဲ့ စာအုပ်တွေကိုသဘောအကျဆုံးပါ။ သူငယ်ချင်းတွေအားလုံးအားကစားပွဲကို လာဖို့ဖိတ်ခေါ်ပါတယ်။ ပျော်ရွှင်ဖို့လည်းကောင်းမှာပါ။

 

ဒီပွဲဆိုတာလည်းအခုမှ မကွေးမှာကျင်းပဖြစ်တာဆိုတော့ ဝမ်းသာမိတယ်။ ဝူရှူးကစားတာဟာ ဘက်စုံအတွက် ဉာဏရောကိုယ်ခန္ဓာရောဖွံ့ဖြိုးတယ်။ အဲဒါကြောင့် လူငယ်တွေအကုန်လုံး ဝူရှူးကိုကစားသင့်တယ်။ အသက်ကြီးပိုင်းအတွက်လည်း ထိုက်ချိဆိုပြီးသီးသန့်ရှိတယ်လေ။ ကျန်းမာရေးကောင်းအောင် ဝူရှူးကိုလာပြီးကစားကြပါလို့ ပြောချင်ပါတယ်။ ဒီပွဲမှာပြခန်းတွေနဲ့ စာအုပ်တွေကိုသဘောအကျဆုံးပါ။ သူငယ်ချင်းတွေအားလုံးအားကစားပွဲကိုလာဖို့ဖိတ်ခေါ်ပါတယ်။ ပျော်ရွှင်ဖို့လည်းကောင်းမှာပါ။

 

6

မောင်သာထက် (မကွေးတက္ကသိုလ်၊ M.A English- Qualified)

 

အခုစင်ပေါ်တော်တော်များများ တက်ရဲသွားပြီဆိုတော့ သူတို့လည်းပုံမှန်အတိုင်း ကျောင်းစာလုပ်ရင်း ပြီးသွားမယ့် အစားပြင်ပ Activity တွေအများကြီး ပါဝင်ပြီးတော့ လုပ်ဆောင်သင့်တယ်။ အဲဒါမှပဲဘက်စုံဖွံ့ဖြိုးတဲ့ လူငယ်တစ်ယောက်ဖြစ်လာမှာပါ။

 

ကျောင်းတွေဖွင့်ဖွင့်ချင်းတုန်းက မကွေးတက္ကသိုလ်မှာ လူငယ်ဘက်စုံပွဲတော်ရှိတယ် ဆိုပြီးတော့ ဌာနဆိုင်ရာတွေကလည်း သူတို့ဌာနရဲ့ ပြပွဲတွေလုပ်ရမယ်။ ကျွန်တော်တို့ အင်္ဂလိပ်စာမေဂျာကလည်း အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲတွေလုပ်ရမယ်ဆိုတော့ ကျွန်တော်ကဒီမှာ ပါဝင်ဖြစ်ခဲ့တာပါ။ အရင်တုန်းကတော့ Volunteer အနေနဲ့ပဲ Interpreter တွေလုပ်တယ်။   အခုမှ ကျွန်တော့်ရဲ့ ပထမဦးဆုံး ပြိုင်ပွဲပေါ့နော်။ အခုပထမဦးဆုံးမှာပဲ အဆင်ပြေပြေလုပ်နိုင်ခဲ့လို့ အဆင်ပြေပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ကျွန်တော်ကတော့ ဆုဆိုတာထက် လူငယ်တွေကိုလုပ်ပေးတဲ့ပွဲမှာ ပြိုင်ပွဲလုပ်ချင်တာရယ်၊ သူငယ်ချင်းတွေပိုပြီး Network ချိတ်ချင်တာရယ်။ ပုံမှန်အတန်းမှာ စာသင်တာထက်စာရင် အခုလိုမျိုးနေလိုက်တော့ စာလည်းရှာဖြစ်တယ်။ စာလည်းလုပ်ဖြစ်တယ်။ အဲဒီအတွက် ဆုမရင်တောင်မှ ကျွန်တော့်အတွက် အကျိုးကျေးဇူးတွေရတယ်။ ကျွန်တော် သိရသလောက်တော့ ဒီပွဲဟာရန်ကုန်ရယ်၊ မန္တလေးရယ်ပဲလုပ်ဖူးတာတဲ့။ အခုမကွေးကတတိယပေါ့။ မကွေးတက္ကသိုလ်မှာလုပ်လိုက်တော့ အခုဆိုရင် ကျောင်းပေါင်းစုံက သူငယ်ချင်းတွေတွေ့ရတယ်။ ကောင်းလည်း ကောင်းတယ်။ ကျောင်းမှာပြန်လည်ပြုပြင်ရေးတွေရှိတော့ ကျောင်းကြီးလည်း အဆင်ပြေတာပေါ့နော်။ ပြိုင်ပွဲမှာလည်း စုံစုံလင်လင်နဲ့ လုပ်ရတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ သာမာန်ကျောင်းသားတွေက ဒီလိုပြိုင်ပွဲဆိုရင် မပါချင်ကြဘူးဗျာ။ သူတို့ကကြောက်ကြတယ်။ ကျွန်တော့်အတွေ့အကြုံအရဆိုရင် အရင်က အရမ်းကြောက်တတ်တယ်လေ။ အခုမှ ပွဲတွေပါတာ များလာတော့ မကြောက်တတ်တော့ဘူး။ အခုစင်ပေါ်တော်တော်များများ တက်ရဲသွားပြီဆိုတော့ သူတို့လည်း ပုံမှန်အတိုင်းကျောင်းစာလုပ်ရင်းပြီးသွားမယ့်အစားပြင်ပ Activity တွေအများကြီး ပါဝင်ပြီးတော့ လုပ်ဆောင်သင့်တယ်။ အဲဒါမှပဲဘက်စုံဖွံ့ဖြိုးတဲ့ လူငယ်တစ်ယောက်ဖြစ်လာမှာပါ။

 

7

 

ဝင့်ယမုံနိုင် (MRTV-4 ဇာတ်လမ်းတွဲသရုပ်ဆောင်)

 

မကွေးဆိုရင် အရင်ကလဲခနခနရောက်ဖြစ်တယ်။ ယမုံရဲ့ ပရိသတ်တွေလဲအများကြီးရှိတယ်။ အခုပရိသတ်တွေလဲပါတယ်။ လူငယ်တွေနဲ့လည်းကိုယ့်ရဲ့အကြောင်း၊ သူတို့ရဲ့အကြောင်း ရင်းရင်းနှီးနှီး ဖလှယ်ကြမယ်။ ဝါသနာပါတဲ့ ရည်မှန်းချက်အကြောင်းတွေ ဖလှယ်ကြမယ်။ ပျော်စရာကောင်းမှာပါ။

အခုလိုပွဲတော်တွေကျင်းပပေးတာ အရမ်းကောင်းပါတယ်။ လူငယ်တွေအတွက် အခွင့်အလမ်းတွေ အများကြီးရတယ်။ အသိပညာတွေလဲ တိုးတက်စေတယ်။ လူငယ်တွေအတွက် သူတို့ရဲ့ အရည်အသွေးကို ပိုမိုတောက်ပြောင်အောင် သွေးပေးတဲ့ ပွဲလို့ မြင်ပါတယ်။

 

ဒီလိုပွဲမျိုးမှာ အားဖြည့်ပါဝင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကိုယ်တိုင်လဲလူငယ် ထဲကလူငယ်ဖြစ်တဲ့အတွက်၊ အားလုံးနဲ့ တစ်သားတည်းရှိနေတဲ့အတွက် ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ ဒီလိုပွဲမျိုးတေွမှာ ပါဝင်ခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။

တွေ့ဆုံမေးမြန်း- ဆုမြတ်၊ စိမ့်စိမ့်

ဓာတ်ပုံ-လင်းဟန်ဇင်၊ ရဲမိုး