လူနာတင်ယာဉ်ပေါ်မှ ကာကွယ်ရေးပစ္စည်းတွေ ခိုးယူသူကို ထောင်ဒဏ် ၆ လ ချမှတ်

၂ ဧပြီ

 

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ  လူနာတင်ယာဉ်ကားပေါ်မှ မျက်နှာဖုံးများ အပါအဝင် ကာကွယ်ရေးပစ္စည်းတွေကို ခိုးယူခဲ့တဲ့အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရ ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့(ကြာသပတေးနေ့)မှာ ပြောကြားပါတယ်။

 

အသက် ၃၅ နှစ်အရွယ် မက်မန်လေးဟာ ပြစ်မှူကျူးလွန်ကြောင်း တွေ့ရှိတဲ့အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အပြောအရ မက်မန်လေးဟာ မျက်နှာဖုံးများ၊ တစ်ခါသုံး စက္ကူနဲ့ပြုလုပ်ထားတဲ့ ကာကွယ်ရေးဝတ်စုံနဲ့ လက်ဆေးရည်ပါတဲ့ အိတ်တစ်လုံးကို လူနာတင်ယာဉ်ကနေ ယူခဲ့တဲ့အတွက် လန်ဒန်တောင်ပိုင်းရှိ ခရိုက်တန် တရားရုံးကနေ ထောင်ဒဏ်ချမှတ်လိုက်လို ပြောပါတယ်။

 

နောက်ထပ်ပြစ်မှု ကျူးလွန်သူ တစ်ဦးကိုလည်း ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ကြောင်း သိရပါတယ်။  အသက် ၅၅ ရွယ် အမျိုးသား အက်ဒမ် လူးဝစ် ဟာ  ကားတံခါးလက်ကိုင်တွကို စမ်းဖွင့်နေစဉ် ရဲအရာက မလုပ်ရန်ပြောပြီး စစ်ဆေးတဲ့အတွက် ရဲအရာရှိကို  သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိတယ်။ ရဲအရာရှိကို ကိုရိုနာဗိုင်းရပ်စ် ရအောင်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီပြစ်မှုကျူးလွန်ခဲ့ကြောင်း တွေ့ရှိတဲ့အတွက် ထောင်ဒဏ် ခြောက်လ ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

 

အခုအဖြစ်အပျက်နှစ်ခုလုံးဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ပြဌာန်းခဲ့တဲ့ ဉပဒေအရ အရေးပေါ်လုပ်သားတွေကို စော်ကားကြောင်း ပြစ်မှုကျူးလွန်ခဲ့မယ်ဆိုရင် ထောင်ဒဏ် ၁၂ လအထိ ကျခံရနိုင်ကြောင်း သိရပါတယ်။

 

MDN
ကိုးကား - AFP