လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအား ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်

နေပြည်တော်  ၈  ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများသည် မီးသတ်တပ်ဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများ၊ ဖားကန့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအဖွဲ့၊ လူမှုကူညီရေးအဖွဲ့နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဖားကန့် မြို့နယ်၊ ဝှေခါကျေးရွာ၊ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များရှိ ရွှေ့ပြောင်းအလုပ်သမားများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို လက်ကမ်းစာစောင်များ ဝေငှခြင်း၊ နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်းနှင့် လက်ကိုင်အသံချဲ့ စက်များဖြင့် နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ဖားကန့်ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုများကို ဧပြီ ၁၀ ရက်အထိ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်